![]() |
Friday, October 19, 2012
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၃ ဦး မော်လမြိုင် အကျဉ်းထောင်မှ လွတ်မြောက်
သမတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မော်လမြိုင် အကျဉ်းထောင်တွင်
အကျဉ်းကျခံနေရသည့် ဘင်္ဂလီလူမျိုး ၈၁ ဦးအနက် အောက်တိုဘာလ ၃ ရက်နေ့တွင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်
နိုင်ငံသားများမှာ ဇွန်လလယ်က ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ
ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာတွင် မောရဝတီ ရေတပ်စခန်း၏ ဖမ်းဆီးခြင်းကို
ခံရပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ထောင်ဒဏ်တနှစ်စီ ချမှတ်ခံထားရရာမှ
ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
မွန်ပြည်သူတို့ ကချင်စစ်ပွဲကို မလိုလား
စစ်ပွဲကို မလိုလားသည့် မွန်ပြည်သူများက အပြည်ပြည်ဆိုင်ရာ
ငြိမ်းချမ်းရေးနေ့ ဖြစ်သည့် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းနှင့်
မွန်းလွဲပိုင်းတွင် ငြိမ်းချမ်းရေး အထိမ်းအမှတ် အခမ်းအနားများကို
နှစ်နေရာခွဲကာ ကျင်းပခဲ့ကြသည်။
နံနက်ပိုင်းတွင် မော်လမြိုင်မြို့
မွန်ဓမ္မာရုံ၌ မွန်နိုင်ငံရေးပါတီများ ဖြစ်သည့် မွန်ဒီမိုကရေစီပါတီ၊
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီနှင့်
တက္ကသိုလ်ကျောင်းသား/သူများ၊ စာပေယဉ်ကျေးမှု အဖွဲ့အစည်းများ၊
လူမှုအသင်းအဖွဲ့များက အခမ်းအနား ကျင်းပကြပြီး ပရိသတ် ၅၀ ကျော်
တက်ရောက်ခဲ့ကြသည်။
“လူငယ်တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ များများ ပါဝင်လာဖို့အတွက် ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်တယ်” ဟု အခမ်းအနား ဖြစ်မြောက်ရေးတွင် ပါဝင်သူ မော်လမြိုင် တက္ကသိုလ်ကျောင်းသား မင်းစီစွမ်း က ပြောသည်။
အခမ်းအနားတွင် လူငယ်နှင့် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အမတ်များ၊ ကချင်ပြည်နယ် စစ်ပွဲ စသည့်အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ အခမ်းအနားအပြီးတွင် ငြိမ်းချမ်းရေး မီးပုံးပျံများ လွှတ်တင်ခဲ့ကြသည်။
“ကချင်ပြည်နယ်က
စစ်ပွဲအကြောင်းကိုလည်း ကျနော်တို့ ဆွေးနွေးကြတယ်။ ကျနော်တို့ အမြင်မှာတော့
အစိုးရဟာ ငြိမ်းချမ်းရေး ဖော်ဆောင်နေပေမဲ့ ကချင်ကို တိုက်နေတုန်းပဲ။
ကချင်စစ်ပွဲတွေ ရပ်တန့်နိုင်ဖို့ ကျနော်တို့ လက်တွဲပြီး ဆောင်ရွက်ဖို့
လိုတယ်” ဟု မင်းစီစွမ်း က ပြောသည်။
မွန်းလွဲပိုင်းတွင် ပွင့်လင်း ကွန်ယက် (မွန်ပြည်နယ်) မှ ဦးဆောင်ကာ မြေနီကုန်းရပ်ကွက်ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် အခမ်းအနား ကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် တက္ကသိုလ် ကျောင်းသူ/သားများ အပါအဝင် စာပေယဉ်ကျေးမှု အဖွဲ့အစည်းများမှ ပရိသတ် သုံးရာကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဟောပြောခြင်း၊ စာတမ်း ဖတ်ခြင်းများ၊ တနိုင်ငံလုံး စစ်ရပ်စဲရေး စုပေါင်း လက်မှတ်ရေးထိုးခြင်း၊ ကာတွန်းပြပွဲ၊ ငြိမ်းချမ်းရေး ကဗျာနှင့် သီချင်းများ ရွတ်ဖတ်သီဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့ပြီး အခမ်းအနား အပြီးတွင် ငြိမ်းချမ်းရေး မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့ကြသည်။
“ကချင်ပြည်နယ် စစ်ပွဲဟာ ဘယ်သူ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ အဓိက ခံစားနေရတာက ကချင်ပြည်သူတွေပါ။ ကျနော်တို့ဆန္ဒက စစ်ဘေးဒဏ် ခံနေရတဲ့သူတွေအတွက် စစ်ပွဲကို ရပ်စဲပေးဖို့ပါ” ဟု အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူ ကိုကြည်ဇော်လွင် က ပြောသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အခမ်းအနား ကျင်းပခွင့် ရရှိခြင်းသည် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ငြိမ်းချမ်းရေး အထိမ်းအမှတ် အခမ်းအနားကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ကြသော်လည်း အချို့ဒေသများတွင် ဟန့်တား နှောင့်ယှက်မှု ခံကြရသည့်ပြင် ဦးဆောင်ကျင်းပသူများကို ခေါ်ယူမေးမြန်းခြင်းများလည်း ရှိကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု တွင်တွင် ပြောဆိုနေသည့်အတွက် ပြည်သူများအား ငြိမ်းချမ်းရေး အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့် ပေးသင့်သည်ဟုလည်း ဝေဖန်ပြောဆိုမှုများ ရှိကြသည်။
![]() |
မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း စစ်ရပ်စဲရေး လက်မှတ်ရေးထိုးနေစဉ် (ဓါတ်ပုံ - ကြည်ဇော်လွင်)
|
“လူငယ်တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ များများ ပါဝင်လာဖို့အတွက် ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်တယ်” ဟု အခမ်းအနား ဖြစ်မြောက်ရေးတွင် ပါဝင်သူ မော်လမြိုင် တက္ကသိုလ်ကျောင်းသား မင်းစီစွမ်း က ပြောသည်။
အခမ်းအနားတွင် လူငယ်နှင့် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အမတ်များ၊ ကချင်ပြည်နယ် စစ်ပွဲ စသည့်အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ အခမ်းအနားအပြီးတွင် ငြိမ်းချမ်းရေး မီးပုံးပျံများ လွှတ်တင်ခဲ့ကြသည်။
![]() |
ငြိမ်းချမ်းရေး အခမ်းအနား တက်ရောက်ကြသည့် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ (ဓါတ်ပုံ - ကြည်ဇော်လွင်)
|
မွန်းလွဲပိုင်းတွင် ပွင့်လင်း ကွန်ယက် (မွန်ပြည်နယ်) မှ ဦးဆောင်ကာ မြေနီကုန်းရပ်ကွက်ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် အခမ်းအနား ကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် တက္ကသိုလ် ကျောင်းသူ/သားများ အပါအဝင် စာပေယဉ်ကျေးမှု အဖွဲ့အစည်းများမှ ပရိသတ် သုံးရာကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဟောပြောခြင်း၊ စာတမ်း ဖတ်ခြင်းများ၊ တနိုင်ငံလုံး စစ်ရပ်စဲရေး စုပေါင်း လက်မှတ်ရေးထိုးခြင်း၊ ကာတွန်းပြပွဲ၊ ငြိမ်းချမ်းရေး ကဗျာနှင့် သီချင်းများ ရွတ်ဖတ်သီဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့ပြီး အခမ်းအနား အပြီးတွင် ငြိမ်းချမ်းရေး မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့ကြသည်။
“ကချင်ပြည်နယ် စစ်ပွဲဟာ ဘယ်သူ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ အဓိက ခံစားနေရတာက ကချင်ပြည်သူတွေပါ။ ကျနော်တို့ဆန္ဒက စစ်ဘေးဒဏ် ခံနေရတဲ့သူတွေအတွက် စစ်ပွဲကို ရပ်စဲပေးဖို့ပါ” ဟု အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူ ကိုကြည်ဇော်လွင် က ပြောသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အခမ်းအနား ကျင်းပခွင့် ရရှိခြင်းသည် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ငြိမ်းချမ်းရေး အထိမ်းအမှတ် အခမ်းအနားကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ကြသော်လည်း အချို့ဒေသများတွင် ဟန့်တား နှောင့်ယှက်မှု ခံကြရသည့်ပြင် ဦးဆောင်ကျင်းပသူများကို ခေါ်ယူမေးမြန်းခြင်းများလည်း ရှိကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု တွင်တွင် ပြောဆိုနေသည့်အတွက် ပြည်သူများအား ငြိမ်းချမ်းရေး အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့် ပေးသင့်သည်ဟုလည်း ဝေဖန်ပြောဆိုမှုများ ရှိကြသည်။
Sunday, October 14, 2012
တရားစခန်းဝင် နိုင်ငံခြားသားများအတွက် ဝိသာခါ ခရီးသွားလုပ်ငန်း ကူညီမည်
တရားစခန်းဝင်နိုင်ငံခြားသားများအတွက်ဝိသာခါခရီးသွားလုပ်ငန်းကူညီမည်ရန်ကုန်မြို့တွင်ရုံးခန်းဖွင့်လှစ်ထားသည့် ဝိသာခါ ခရီးသွားလုပ်ငန်း
ကုမ္ပဏီမှ မြန်မာပြည်တွင် တရားစခန်းဝင်မည့် နိုင်ငံခြားသား ခရီးသည်များအား
ကူညီရန် စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။
“ဒီခရီးစဉ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ မြန်မာပြည်မှာ ဘယ်လောက် ငြိမ်းချမ်းစွာ နေကြပြီး ဘာသာရေးမှာ ဘယ်လိုကိုင်းရှိုင်းတာ၊ စေတနာသဒ္ဓါတရားထက်သန် ပွားများတာ၊ ဘယ်လိုဖေါ်ရွေတယ်ဆိုတာကမ္ဘာကိုသိစေချင်လို့ပါ”ဟု ခရီးစဉ်အုပ်ချုပ်ရေးမှူး နိုင်မြတ်စွမ်က ကောင်းဝါသို့ ပြောပါသည်။

“ကျနော်တို့ မြန်မာပြည်က ပထဝီအနေအထားမျိုးစုံ၊ တိုင်းရင်းသားလူမျိုးစုံ
ချစ်ချစ်ခင်ခင် နေထိုင်ကြတယ်။ ရိုးရာဓလေ့ ယဉ်ကျေးမှုလည်း စုံလင်ပြီး
နိုင်ငံခြားသားအတွက် လည်ပတ်၊ လေ့လာစရာ အများကြီးပါ။ ဒီနှစ်
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် ကျနော်တို့ နိုင်ငံကို
တချို့က တမျိုးထင်ကြတာ၊ တကယ်တော့ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ
ငြိမ်းချမ်းအေးဆေးတယ်ဆိုတာ အမှန်နားလည်ဘို့ ဒီ (တရားစခန်း) ခရီးစဉ်ကို
ငွေရေးအမြတ်မယူဘဲ
Tuesday, October 9, 2012
ပျက်ပြီးCD/VCDမှDate များကိုပြန်ယူသည့်နည်း
စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ
ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့
တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်
Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။
အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။
၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။
ဒီမှာဒေါင်းပါ။
၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။
၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။
၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။
၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။
သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်
၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။
၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။
စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
အောင်ခမ်း (TSJ team)
http:// techspacejournal.blogspot.c om/2012/09/ cd-dvd-data.html
— with Zeya Kyaw, Phoetode Cie Thu Maung and Kအချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။
၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။
ဒီမှာဒေါင်းပါ။
၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။
၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။
၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။
၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။
သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်
၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။
၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။
စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့
အောင်ခမ်း (TSJ team)
http://
Subscribe to:
Posts (Atom)