တရားစခန်းဝင်နိုင်ငံခြားသားများအတွက်ဝိသာခါခရီးသွားလုပ်ငန်းကူညီမည်ရန်ကုန်မြို့တွင်ရုံးခန်းဖွင့်လှစ်ထားသည့် ဝိသာခါ ခရီးသွားလုပ်ငန်း
ကုမ္ပဏီမှ မြန်မာပြည်တွင် တရားစခန်းဝင်မည့် နိုင်ငံခြားသား ခရီးသည်များအား
ကူညီရန် စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။
“ဒီခရီးစဉ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ မြန်မာပြည်မှာ ဘယ်လောက် ငြိမ်းချမ်းစွာ နေကြပြီး ဘာသာရေးမှာ ဘယ်လိုကိုင်းရှိုင်းတာ၊ စေတနာသဒ္ဓါတရားထက်သန် ပွားများတာ၊ ဘယ်လိုဖေါ်ရွေတယ်ဆိုတာကမ္ဘာကိုသိစေချင်လို့ပါ”ဟု ခရီးစဉ်အုပ်ချုပ်ရေးမှူး နိုင်မြတ်စွမ်က ကောင်းဝါသို့ ပြောပါသည်။
“ဒီခရီးစဉ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ မြန်မာပြည်မှာ ဘယ်လောက် ငြိမ်းချမ်းစွာ နေကြပြီး ဘာသာရေးမှာ ဘယ်လိုကိုင်းရှိုင်းတာ၊ စေတနာသဒ္ဓါတရားထက်သန် ပွားများတာ၊ ဘယ်လိုဖေါ်ရွေတယ်ဆိုတာကမ္ဘာကိုသိစေချင်လို့ပါ”ဟု ခရီးစဉ်အုပ်ချုပ်ရေးမှူး နိုင်မြတ်စွမ်က ကောင်းဝါသို့ ပြောပါသည်။
“ကျနော်တို့ မြန်မာပြည်က ပထဝီအနေအထားမျိုးစုံ၊ တိုင်းရင်းသားလူမျိုးစုံ
ချစ်ချစ်ခင်ခင် နေထိုင်ကြတယ်။ ရိုးရာဓလေ့ ယဉ်ကျေးမှုလည်း စုံလင်ပြီး
နိုင်ငံခြားသားအတွက် လည်ပတ်၊ လေ့လာစရာ အများကြီးပါ။ ဒီနှစ်
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် ကျနော်တို့ နိုင်ငံကို
တချို့က တမျိုးထင်ကြတာ၊ တကယ်တော့ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ
ငြိမ်းချမ်းအေးဆေးတယ်ဆိုတာ အမှန်နားလည်ဘို့ ဒီ (တရားစခန်း) ခရီးစဉ်ကို
ငွေရေးအမြတ်မယူဘဲ
ကူညီသွားမှာပါ။ သူတို့ရဲ့ တည်းခိုရေးနဲ့
အစားအသောက်ကိုတော့ တရားစခန်းတွေက ဓမ္မဒါနအနေနဲ့ စီစဉ်ထားပါတယ်” ဟု ပြောသည်။ဝိသာခါကုမ္ပဏီ အထွေထွေမန်နေဂျာ ဒေါ်လှိုင်မိုးနွယ်က ကုမ္ပဏီအနေဖြင့် ခရီးသွားများအတွက် ခရီးစရိတ်သာ ကောက်ယူမည် ဖြစ်ပြီး တည်းခိုရေးအတွက် မွန်ပြည်နယ် မော်လမြိုင်နှင့် ပေါင်မြို့နယ်ရှိ ဝိပဿနာ တရားစခန်းရှိ ဆရာတော်များ၊ ဒါယကာများနှင့် တိုင်ပင်ထားကြောင်း ပြောသည်။
“လူဝင်မှု ကြီးကြပ်ရေး ဥပဒေအတိုင်း လိုက်နာပြီး၊ တရားစခန်းဝင် ဗီဇာနဲ့ လာတဲ့ နိုင်ငံခြားသားတွေကိုပဲ လက်ခံမယ်” ဟု ဒေါ်လှိုင်မိုးနွယ်က ပြောသည်။
ယခုနှစ်ပိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဆွေးနွေးပွဲများ၊ အစည်းအဝေးများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ လုပ်ဆောင်လျက် ရှိသည်။
နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မကြာခင်က ကျင်းပခဲ့သည့် ‘ကမ္ဘာ့ ခရီးသွားနေ့’ အခမ်းအနားတွင် ကမ္ဘာလှည့် ခရီးသည်များ၏ လိုအပ်ချက်နှင့် လုံခြုံရေးအပြင် ဧည့်ဝတ်ကျေနိုင်မှ ခရီးသွားလုပ်ငန်း တိုးတက်မည် ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အာရုံစူးစိုက် စိတ်ဝင်စားလျက် ရှိပြီး လာရောက်လည်ပတ်သူများအပြင် ရင်းနှီးမြုပ်နှံသူများလည်း အဆက်မပြတ် လာရောက်လျက် ရှိသည်။
ဝိသာခါ ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များအား ပြည်တွင်း အလည်အပတ်၊ ဘုရားဖူး၊ လေ့လာရေး ခရီးစဉ်များကို ဝန်ဆောင်ပေးမည့်အပြင် ပြည်ပခရီးစဉ်များ ရှိကြောင်းနှင့် ဖုံး (၀၉) ၄၃၀-၃၂၁၉၃၊ ၀၉ ၄၃၁-၉၀၀၄၊ အီးမေးလ် vsktour@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။

No comments:
Post a Comment